Radio TOMO
ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ ဂန္ထဝင်မြောက် နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ 'သွေး' ကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ NHK WORLD-JAPAN က ကိုငယ်၊ ဂျပန်လူမျိုး အသံသရုပ်ဆောင် မရတနာတို့က မြန်မာ့အသံက အသံသရုပ်ဆောင်များနဲ့ တွဲဖက်ပြီး တင်ဆက်ပေးထားပါတယ်။ ဂျပန်ပြည်မှာ မြန်မာစာအဓိကယူ လေ့လာခဲ့တဲ့ ‘ယုမိစံ’ ဟာ ဂျပန်ခေတ်က မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ပြုခဲ့သူ၊ သူ့ဖေဖေရဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ သူ့ရဲ့ သွေးသားရင်းချာကို ရှာပုံတော်ဖွင့်တဲ့ ဇာတ်လမ်းပဲ ဖြစ်တယ်။ ယုံကြည်ချက်နဲ့ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ရင်း မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်၊ ယုမိစံရဲ့ သံယောဇဉ်ကြိုးဖြစ်တဲ့ မောင်လေးကို တွေ့ဆုံဖို့ ကြိုးပမ်းတဲ့ အဖြစ်အပျက်တွေဟာ စစ်ပြီးခေတ်ကာလ ဖအေတူ မအေကွဲ မောင်နှမနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဒီရေဒီယိုဇာတ်လမ်းကနေ ခံစားနားဆင်နိုင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အပိုင်း(၁) ကို နားဆင်ရမှာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ NHK နဲ့ မြန်မာ့အသံမှ ဝန်ထမ်းများ