Radio TOMO
NHK WORLD-JAPAN က စီစဉ်ထုတ်လွှင့်တဲ့ "Hana wa Saku" "ပန်းတွေ ပွင့်တော့မယ်" ဆိုတဲ့ သီချင်းကို ဘာသာမျိုးစုံနဲ့ သီဆိုထားတယ်လို့ သိရပါတယ်။ မိုရိစာကီဝင်းကလည်း ဒီသီချင်းကို ဆိုထားပါတယ်။ ဒီကနေ့ အစီအစဉ်ကနေ အဝင်းဘာကြောင့် ဒီသီချင်းဆိုဖြစ်ခဲ့တာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ရည်ရွယ်ချက်က ၂၀၁၁ ခုနှစ်တုန်းက ဆူနာမီကြောင့် ဒုက္ခရောက်ခဲ့သူတွေအတွက် ခွန်အားပေးဖို့ သီဆိုခဲ့တာ ဖြစ်ပေမယ့် အခုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူတွေကို ခွန်အားပေးဖို့ သီဆိုတာ ဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ အဝင်းက သောတရှင်တွေကို ပြောပြထားတဲ့ သတင်းစကား ရှိပါတယ်။ ဘယ်လို သတင်းစကားမျိုးလဲဆိုတာ စောင့်မျှော်နားဆင်ပါနော်။
မိုရိစာကီဝင်း