အတွဲ (၃၁) အိမ်မွေးတိရစ္ဆာန်တွေဟာ မိသားစုဝင်တွေလား?
ဒီတစ်ခေါက်အတွက် သော့ချက်စကားလုံးက အိမ်မွေးတိရစ္ဆာန် ဖြစ်ပါတယ်။ ဂျပန်မှာ ခွေးနဲ့ကြောင် အကောင်ရေ သန်း ၂၀ လောက်ကို နေအိမ်တွေမှာ မွေးမြူထားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ဆက်နွယ်နေတဲ့စျေးကွက်ဟာလည်း ကြီးထွားလာနေပါတယ်။ ဒါကလည်း အဲဒီတိရစ္ဆာန်ပိုင်ရှင်တွေဟာ သူတို့ချစ်မြတ်နိုးတဲ့ သတ္တဝါလေးတွေအတွက် အချိန်နဲ့ငွေကို ပိုပြီးသုံးစွဲလာတဲ့အတွက် ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို မိသားစုဝင်တွေကဲ့သို့ ဆက်ဆံမှုလို့ ကျွမ်းကျင်သူတွေက ခေါ်ဆိုကြတဲ့ ဒီအနေအထားကို တင်ဆက်သွားပါမယ်။ ဒီအိမ်မွေးတိရစ္ဆာန်တွေကို ဘယ်အခန်းကဏ္ဍကနေပါဝင်ဖို့  ဒီနေ့ခေတ်ဂျပန်လူမျိုးတွေက မျှော်လင့်ထားသလဲဆိုတာကို လေ့လာထားပါသေးတယ်။
ဂျပန်မှာ အသက် ၁၅ နှစ်အောက် လူသားကလေးငယ်တွေထက် အိမ်မွေး ခွေးနဲ့ ကြောင် အရေအတွက်က ပိုများပါတယ်။
ခွေးပိုင်ရှင်များ ပန်းခြံတစ်ခုမှာ တွေ့ဆုံနေကြစဉ်။ သူတို့အားလုံးက အိမ်မွေးတိရစ္ဆာန်တွေဟာ မိသားစုဝင်တွေလို့ ဆိုကြပါတယ်။
ယုကိတိုရှိ (Yukitoshi) နဲ့ အာကဲမိ စုဂိယာမာ့ (Akemi Sugiyama) တို့နဲ့အတူ သူတို့ရဲ့ ခွေး မဲအိ (Mei)
နေအိမ် ဧည့်ခန်းတွင်းမှာ ယုကိတိုရှိ က သီးသန့်ပြုလုပ်ပေးထားတဲ့နေရာမှာ မဲအိ အနားယူနေစဉ်