စိုးစုကဲ နာမိကာဝါ့ရဲ့ လက်ရာ ဖူဂျီတောင်
၁၉ ရာစုတုန်းက ဖူဂျီတောင်ပုံ လက်ရာအကြောင်း တင်ဆက်ပါမယ်။ အဲဒီဖူဂျီတောင်ပုံကို ဖန်တစ်မျိုးကို အပူပေးပြီး အရည်ပျော်လာတဲ့အခါ အဲဒါကို သတ္တုပြားပေါ်မှာ ကပ်ပြီး လိုရာပုံဖော်နိုင်တဲ့ Cloisonne' လို့ခေါ်တဲ့ အရာနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီပုံကို ၁၈၉၃ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲမှာ ပြသဖို့အတွက် ဂျပန်မှာ ထင်ရှားတဲ့ Cloisonne' ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ စိုးစုကဲ နာမိကာဝါ့ က ဖန်တီးထားတာဖြစ်ပတယ်။ တိမ်တွေကြားကနေ ထိုးထွက်နေတဲ့ ဖူဂျီတောင်ရဲ့ ပုံကို ဖန်တီးထားတဲ့ အဲဒီလက်ရာဟာ ပန်းချီကားတစ်ချပ်လို ဖြစ်နေပါတယ်။ အဲဒီခေတ်ကာလတုန်းက ဂျပန်လူမျိုးတွေရဲ့ အပြင်းပြဆုံးဆန္ဒတွေထဲကတစ်ခုကို ဖော်ကျူးရာ ရောက်ပါတဘ်။