မက်မန်းနဲ့ ဝါးပင်တို့ကို ဒီဇိုင်းဖော်ထားတဲ့ ကြေးမီးအိမ်
ကြေးနဲ့ပြုလုပ်ထားတဲ့ တိုးရို မီးအိမ်ဟာ ၁၆ ရာစုက လက်ရာဖြစ်ပါတယ်။ အဲဒီမီးအိမ်ဟာ ဂျပန်လူမျိုးတွေ ရိုးရာအစဥ်အဆက် ဒီဇိုင်းဖော်ကျူးခဲ့တဲ့ မက်မန်း နဲ့ ဝါးပင်တွေကို လက်ရာပြောင်မြောက်စွာထုဆစ်ပုံဖော်ထားပါတယ်။ အဲဒီခေတ်ကာလက နိုင်ငံတွင်း အင်မတန်ကျော်ကြားတဲ့ Tenmyo အလုပ်ရုံက ဖန်တီးတဲ့လက်ရာလို့ ယူဆရတဲ့ မီးအိမ်အကြောင်း တင်ဆက်သွားပါမယ်။