သင်ခန်းစာ (၄၁) လက်မှတ်ဝယ်လို့ ရနိုင်သလား။
ဓာတ်ပုံဆရာမ မီးယာက သူ့ အခန်းထဲမှာ အင်တာနက်သုံးနေတုန်း အံ့အားသင့်စရာ တစ်ခုခုကို တွေ့လိုက်ပါတယ်။ ပြီးတော့ တမ့်ကို လှမ်းခေါ်လိုက်ပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်လို့ ရ မရ မေးမြန်းတဲ့အခါ ပြောတဲ့ အသုံးအနှုန်းကို လေ့လာရပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန့်ရိုးရာ ပြဇာတ် ခါဘူကီ အကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
လွယ်ကူသော ဂျပန်စကား အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။