သင်ခန်းစာ (၂၆) ဒီကြက်ဥကြော် ချိုပြီးအရသာရှိပါတယ်
ဗီယက်နမ်ကျောင်းသူ တမ် ဟာ မီးယာ၊ ကိုက်တို၊ အိမ်ရှင် ဟာရုစံ တို့နဲ့အတူ အိုဟာနာ့မိ လုပ်ဖို့ ပန်းခြံတစ်ခုကို သွားရောက်ခဲ့ကြပါတယ်။ အိုဟာနာ့မိ ဆိုတာက ချယ်ရီပန်းပွင့်တဲ့အချိန်မှာ ပန်းရဲ့အလှကို လှည့်လည်ကြည့်ရှုရင်း အပင်အောက်မှာ ပျော်ပွဲစားထွက်တဲ့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။ ကိုယ်တွေ့ကြုံခံစားရတာအမျိုးမျိုးကို ဘယ်လိုပြောဆိုရသလဲဆိုတာ ဒီသင်ခန်းစာမှာ လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာ အိုဟာနာ့မိအကြောင်းကို ပြောပြ ပါဦးမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။