အထူးအစီအစဉ် "မေးခွန်းတွေကို ဖြေပေးမယ်" အပိုင်း −(၂)
“လွယ်ကူသော ဂျပန်စကား” သင်ခန်းစာရဲ့ အထူးအစီအစဉ် အပိုင်း(၂) ဖြစ်ပါတယ်။ သောတရှင်တွေဆီက မေးခွန်းတွေကို ပြန်ဖြေကြားပေးတဲ့ ဒီအစီအစဉ်မှာ ပြည်ပက သောတရှင်တွေက လွယ်ကူသော ဂျပန်စကား သင်ခန်းစာတွေကို သင်ယူပြီး ဘယ်လို ဂျပန်စာကို အသုံးချနေတယ်ဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ Fukushima ခရိုင်က Aizu တက္ကသိုလ်က ဂျပန်ကျောင်းသားတွေဟာ နိုင်ငံခြားသား ကျောင်းသားတွေ ဂျပန်စာသင်ကြားပေးဖို့ နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။ ဘာသာစကား သင်ကြားပေးတဲ့ အစီအစဉ်ဟာ ယဉ်ကျေးမှု ဖလှယ်ရာမှာ လူတွေကို တက်ကြွစွာ လုပ်ဆောင်လာစေတဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။ အစီအစဉ် နောက် ပိုင်းမှာတော့ ဂျပန်စာလေ့လာရာမှာ သောတရှင်တွေ သိချင်တဲ့ မေးခွန်းတွေကို ဂျပန်ဖောင်ဒေးရှင်းက ဒီအစီအစဉ်ကို ကြီးကြပ်သူ Isomura Kazuhiro က ဖြေကြားပေးထားတာကို နားဆင်ကြရမှာပါ။
မစ္စတာ Kashimoto Kimika နဲ့ နိုင်ငံခြားက ကျောင်းသား Nidul Devapriya
မစ္စတာ Tazaki Hiroshi နဲ့နိုင်ငံခြားက ကျောင်းသား Divij G. Singh
Aizu တက္ကသိုလ်က တွဲဖက်ပါမောက္ခ Kusakari Akemi
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။