သင်ခန်းစာ (၂၃) ကျွန်မက ဒီကြောင်လေးကို ချစ်တယ်။
တမ် ဟာ ဟော့ကိုင်းဒိုးကို အလည်သွားပြီးတဲ့နောက် တိုကျိုကို ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အာ့ယာကာ နဲ့ ဂျပန်လူမှုအသိုက်အဝန်းအတွင်းက လူတချို့ရဲ့ နေထိုင်လုပ်ကိုင်ပုံနဲ့ စိတ်ကူးစိတ်သန်းတွေအကြောင်း အများအပြားသိတဲ့ အမေရိကန်နိုင်ငံသား မိုက် တို့နဲ့အတူ ကြောင်တွေရှိတဲ့ ကော်ဖီ ဆိုင် တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ကော်ဖီ၊ လက်ဘက်ရည်သောက်ရင်း ကြောင်တွေနဲ့အတူ ကစားနိုင်ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်ကြိုက်နှစ်သက်တာကို ဘယ်လိုပြောရသလဲဆိုတာ လေ့လာရမှာပါ။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန်မှာ လူကြိုက်များလာနေတဲ့ စိတ်ဝင်စားစရာ ကော်ဖီဆိုင်တွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။