သင်ခန်းစာ (၂၂) ဓာတ်ပုံရိုက်ရအောင်။
တမ်၊ မီးယာ နဲ့ ကိုက်တို တို့ဟာ ဟော့ကိုင်းဒိုးက စပ်ပိုးရိုးမြို့မှာ လျှောက်လည်နေကြပါတယ်။ သူတို့ဟာ ဆီးနှင်းပွဲတော်ကို ရောက်နေကြပါတယ်။ သူတို့ရဲ့‌ရှေ့မှာတော့ ကြီးမားလှတဲ့ ရဲတိုက်ရုပ်တုကြီးဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ တစ်ယောက်ယောက်ကို ကိုယ်နဲ့အတူတူ တစ်ခုခုလုပ်ဖို့ အတွက် ဖိတ်ခေါ်ရင် ဘယ်လိုပြောရသလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာတော့ လူကြိုက်များတဲ့ လည်ပတ်ကြည့်ရှုရာတစ်နေရာဖြစ်တဲ့ ဟော့ကိုင်းဒိုးအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။