သင်ခန်းစာ (၂၁) နာရီစင်ထဲမှာ ရှိပါတယ်။
တမ် နဲ့ မီးယာတို့ဟာ ဟော့ကိုင်းဒိုးမှာ လျှောက်လည်နေကြပါတယ်။ ဒီနေ့တော့ သူတို့ဟာ ခရီးသွားတွေအကြား လူသိများတဲ့နေရာ တစ်နေရာဖြစ်တဲ့ စပ်ပိုးရိုး နာရီစင်မှာ ကိုက်တို နဲ့ တွေ့ဖို့ ချိန်းထားကြပါတယ်။ အဲဒီနာရီစင်မှာ သူနဲ့ မီးယာတို့ စောင့်နေတုန်း ကိုက်တို ဆီက တယ်လီဖုန်း ဝင်လာပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်ဘယ်မှာရောက်နေသလဲဆိုတာကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာတော့ ဂျပန်က လက်လီကုန်စုံဆိုင် Convenience အကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။