သင်ခန်းစာ (၁၉) လက်အိတ်လိုချင်လို့ပါ
ဗီယက်နမ်ကျောင်းသူ တမ် ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်းဒိုးကို ခရီးထွက်ဖို့ ပြင်ဆင်နေပါတယ်။ ရာသီဥတုကြမ်းတဲ့ ဟော့ကိုင်းဒိုးရဲ့ ဆောင်းရာသီအတွက် ပြင်ဆင်တဲ့အနေနဲ့ သူနဲ့ မီးယာ တို့ဟာ လက်အိတ် အဝယ်ထွက်နေကြပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်ဝယ်ချင်တာကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းကျရင် ဂျပန်မှာ အကြွေးဝယ်ကတ်ပြား သုံးကြတဲ့အကြောင်းကို လည်း ပြောပြပါဦးမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှု နိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။