သင်ခန်းစာ (၁၇) ဂျပန်အနှံ့ ခရီးသွားနေပါတယ်။
တရုတ်နိုင်ငံက လာတဲ့ ဓာတ်ပုံဆရာမ မီးယာဟာ နာဂါနိုခရိုင်မှာရှိတဲ့ မျောက်တွေ ရေစိမ်တယ်လို့ နာမည်ကျော်တဲ့ ရေပူစမ်းကို ဓာတ်ပုံရိုက်ဖို့ ရောက်နေပါတယ်။ အဲဒီမှာ ဂျပန်လူမျိုးဇနီးမောင်နှံနဲ့ တွေ့ပြီး ဆိုးဘ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို သွားကြပါတယ်။ ဒီသင်ခန်းစာမှာ အခုတလော ကိုယ်ဘာတွေလုပ်နေခဲ့တယ် ဒါမှမဟုတ် အခု ကိုယ်ဘာလုပ်နေတယ် ဆိုတာကို ပြောပြတဲ့ အသုံးအနှုန်းတွေကို သင်ရပါမယ်။ ဒီသင်ခန်းစာ နောက်ပိုင်းမှာတော့ ဂျပန်ရိုးရာအစားအစာ တစ်မျိုးဖြစ်တဲ့ ပန်းဂျုံ ခေါက်ဆွဲအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။