သင်ခန်းစာ (၁၆) နာမည်ကျော် ရေပူစမ်းပါ
တရုတ်လူမျိုး ဓာတ်ပုံဆရာမ မီးယာဟာ နာဂါနိုခရိုင်မှာရှိတဲ့ မျောက်တွေ ရေစိမ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ရေပူစမ်းတစ်ခုကို ဓာတ်ပုံရိုက်ဖို့ ခရီးထွက်နေပါတယ်။ ဓာတ်ပုံရိုက်နေတဲ့ မီးယာကို ဂျပန်လူမျိုး စုံတွဲတစ်တွဲက စကားလာပြောပါတယ်။ သင်ခန်းစာ ၁၂ ကနေစပြီး ဒီနေ့မှာလည်း ကိုယ့်ရဲ့ ထင်မြင်ချက်တွေ၊ ရှင်းပြတာတွေကို ဘယ်လိုပြောသလဲဆိုတာကို လေ့လာကြရမှာပါ။ ဒီကနေ့ သင်ခန်းစာနောက်ပိုင်းမှာ "onsen" လို့ခေါ်တဲ့ ဂျပန်က ရေပူစမ်းတွေအကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှု နိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။