သင်ခန်းစာ (၁၅) မျောက်ရေပူစမ်းအထိ ပို့ပေးပါ
တရုတ်လူမျိုး ဓာတ်ပုံဆရာမ မီးယာဟာ နာဂါနို ခရိုင်က ရေပူစမ်းတစ်ခုကို ဓာတ်ပုံရိုက်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သူဟာ Jigokudani Yaen Koen လို့ခေါ်တဲ့ ဥယျာဥ်ကို တက္ကစီနဲ့ သွားဖို့ လုပ်ပါတယ်။ အဲဒီနေရာဟာ ဆောင်းရာသီဆိုရင် မျောက်တွေ ရေပူစမ်းစိမ်ကြတော့ လူတွေ လည်ပတ်ကြည့်ကြတဲ့ နာမည်ကျော် နေရာ တစ်နေရာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်သွားချင်တဲ့နေရာကို တက္ကစီမောင်းသူကို ဘယ်လိုပြောသလဲဆိုတာ လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံက တက္ကစီတွေအကြောင်းကို နားဆင်ရပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။