သင်ခန်းစာ (၁၂) ချစ်စရာအဆောင်ပစ္စည်းလေးနော်။
ဗီယက်နမ်ကျောင်းသူ တမ် ဟာ တရုတ်လူမျိုး ဓာတ်ပုံဆရာ မီးယာနဲ့အတူ တိုကျိုက လည်ပတ်ကြည့်စရာတစ်နေရာဖြစ်တဲ့ အာစာ့ခူစာ့ က စဲန်းစိုးဂျိ ဘုရားကျောင်းကို ရောက်နေပါတယ်။ ဒီတစ်ခါတော့ သူတို့ဟာ အဆောင်ပစ္စည်းလေးတွေရောင်းတဲ့ဆီကို သွားခဲ့ ကြပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ့်ရဲ့စိတ်ထဲက ဖြစ်ပေါ်လာတာကို ဘယ်လို ထုတ်ဖော်ပြောဆိုမလဲ ဆိုတာနဲ့ အကြောင်းအရာတွေကို ဘယ်လိုရှင်းပြမလဲ ဆိုတာတွေကို လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ ဘုရားကျောင်းနဲ့ နတ်ကွန်း တွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်ကိုနှိပ်ပြီး ကြည့်ရှုနားဆင်နိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။