သင်ခန်းစာ (၁၀) ဒီ ဆံပင်အခြောက်ခံစက်က ဘယ်လောက်လဲ
ဗီယက်နမ်ကျောင်းသူ တမ်ဟာ သူ့ရဲ့ သူငယ်ချင်း အာ့ယာ့ကာ နဲ့အတူ အီလက်ထရွန်နစ် စတိုးဆိုင်တစ်ဆိုင်ကို ရောက်နေပါတယ်။ တမ် က ဆံပင်အခြောက်ခံစက် တစ်ခု လိုချင်ပါတယ်။ စျေးဘယ်လောက်လဲဆိုတာသိချင်တော့ မေးပါတယ်။ အစီအစဥ် နောက်ပိုင်းမှာ ဂျပန်ငွေစက္ကူနဲ့ အကြွေအကြောင်းကို ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအကွက်နေရာကိုနှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။