သင်ခန်းစာ (၈) သူငယ်ချင်း အာ့ယာ့ကာ စံ ပါ
ဗီယက်နမ်ကျောင်းသူ တမ် ဟာ သူ့ရဲ့သူငယ်ချင်း အာ့ယာ့ကာနဲ့အတူ တိုကျိုမြို့တော် အုပ်ချုပ်ရေးရုံးအဆောက်အဦကို သွားခဲ့ပါတယ်။ အဲဒီက ပတ်၀န်းကျင်ကြည့်တဲ့မျှော်စင် နေရာမှာ တွေ့ဖို့ Haru san House မှာ အတူနေသူ ဓာတ်ပုံဆရာ မိယာ နဲ့ ချိန်းထားပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို တခြားသူတွေနဲ့ ဘယ်လို မိတ်ဆက်ပေးမလဲ ဆိုတာကို လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ တိုကျိုမြို့ကို အပေါ်စီးက‌နေ ကြည့်လို့ကောင်းတဲ့ နေရာအကြောင်း လည်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအကွက်နေရာကိုနှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။