သင်ခန်းစာ (၇) ဖြည်းဖြည်းပြောပေးပါ
ဗီယက်နမ်ကျောင်းသူ တမ် ဟာ တက္ကသိုလ်က စားသောက်ဆိုင်ခန်းမကြီးမှာ နေ့လယ်စာ စားနေတုန်း ဂျပန်ကျောင်းသူတစ်ဦးက စကားလာပြောပါတယ်။ ဒါပေမဲ့ သူပြောတာ မြန်လွန်းအားကြီးတဲ့အတွက် တမ် ဟာ ဘာပြောသလဲ ဆိုတာ နားမလည်ပါဘူး။ ဒီသင်ခန်းစာမှာ တစ်ဖက်လူ နားလည်အောင် ဘယ်လိုပြောရမလဲဆိုတာ လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ ဂျပန်အစားအစာတွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအကွက်နေရာကိုနှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။