သင်ခန်းစာ (၄) တက္ကသိုလ်မှာ ဂျပန်စာကို သင်ယူပါမယ်။
ဗီယက်နမ်ကျောင်းသူ တမ် ဟာ Harusan House မှာ အတူနေတဲ့ တရုတ်လူမျိုး ဓာတ်ပုံဆရာမ မီးယာ နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ မီးယာရဲ့ အခန်းမှာ စကားစမြည် ပြောနေကြပါတယ်။ အခုသင်ခန်းစာမှာ ဂျပန်နိုင်ငံမှာ ကိုယ် ဘာလုပ်နေသလဲဆိုတာ ပြောတာကို လေ့လာရပါမယ်။ ဒီအစီအစဥ် နောက်ပိုင်းမှာ ဂျပန်နိုင်ငံက နေရာအမျိုးမျိုးရဲ့ အလှအပနဲ့ပတ်သက်ပြီး လေ့လာနိုင်ပါတယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကား လေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေ ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က ဆက်သွယ်ရန်နေရာကိုနှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။