သင်ခန်းစာ (၃) ဗီယက်နမ်က လာပါတယ်။
ဒီနေ့ကတော့ တမ် ကို ကြိုဆိုတဲ့ ပါတီပွဲနေ့ဖြစ်ပြီး Haru-san house မှာ နေထိုင်ကြသူတွေက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ် ဘယ်ကလဲဆိုတာကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာရပါမယ်။ သင်ခန်းစာရဲ့ နောက်ပိုင်းမှာ ဂျပန်မှာလူတွေကို ဘယ်လိုနှုတ်ဆက်ကြတဲ့အကြောင်းကို လေ့လာရပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားကိုလေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်၊ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က ဆက်သွယ်ရန်နေရာကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။