သင်ခန်းစာ (၁) ဟာရူစံ ဟောက်စ် ဘယ်မှာလဲ။
"လွယ်ကူသော ဂျပန်စကား" အစီအစဉ်ကို ဒီကနေ့ စပြီး ပြန်လည် ထုတ်လွှင့်ပါမယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ တမ်ဟာ သွက်လက်ချက်ချာပြီး ချစ်စရာကောင်းတဲ့ ဗီယက်နမ် ကျောင်းသူဖြစ်ပါတယ်။ သင်ခန်းစာ (၁) မှာ တမ် ဂျပန်ကို ရောက်လာပါတယ်။ သူဟာ တခြားသူတွေနဲ့အတူ နေထိုင်ရတဲ့ ဟာရုစံ အိမ်ကို ရှာနေပါတယ်။ လမ်းမသိလို့ မေးတာနဲ့ပတ်သက်ပြီး ဂျပန်စကားအသံထွက်တွေအကြောင်းကိုလည်း လေ့လာရပါမယ်။ ဂျပန်လိုပြောဆိုတာတွေနဲ့ ဂျပန်ယဥ်ကျေးမှုကို တမ် နဲ့ အတူ လေ့လာကြရအောင်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။