သင်ခန်းစာ (၄၈) ကျောင်းပြီးရင် ဂျပန်မှာ အလုပ်လုပ်ချင်ပါတယ်။
ကျိုတိုမှာ အလည်ခရီးထွက်နေကြတဲ့ ဟာရူစံဟောက်စ်မှာ နေတဲ့သူတွေ နာမည်ကျော် ခီရောမစ်ဆု တဲရာ ဘုရားကျောင်းမှာ ရောက်နေကြ ပါတယ်။ ချောက်ကမ်းပါးကနေ ထိုးထွက်နေတဲ့ ပင်မ ခန်းမဆောင်ရဲ့ စင်ပေါ်မှာ တမ်က သူ့ရဲ့ အနာဂတ် အိပ်မက် အကြောင်းပြောပြ နေပါတယ်။ အနာဂတ်မှာ ကိုယ် ဘာလုပ်ချင်လဲ ပြောပြတဲ့ အသုံးအနှုန်းကို လေ့လာပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန်အနှံ့က အစားအစာတွေ အကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။