သင်ခန်းစာ (၄၇) ဘယ်လို လုပ်ရတာပါလဲ?
တမ်ဟာ ဟာရူစံဟောက်စ်မှာ အတူနေတဲ့သူတွေနဲ့ ကျိုတိုကို အလည်အပတ်ခရီးထွက်နေပါတယ်။ သူတို့ရောက်ရှိနေတာက ဖူရှိမိ အီနာရိ တိုင်းရှ နတ်ကွန်းဖြစ်ပါတယ်။ အဲဒီနတ်ကွန်းက ဟင်္သာပြဒါးရောင် ဂိတ်ပေါက်တိုင်လုံးတွေ လိုဏ်ခေါင်းသဖွယ် စီတန်းပြီး ရှိနေတာကြောင့် နာမည်ကြီးပါတယ်။ အဲဒီမှာ တမ်က "အိုမိကူဂျိ"လို့ခေါ်တဲ့ ဗေဒင် ကံစမ်းမဲ နှိုက်ပါမယ်။ ဒီကနေ့ သင်ခန်းစာမှာ လုပ်ပုံလုပ်နည်းကို မေးတဲ့ အသုံးအနှုန်းကို လေ့လာပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ "အိုမိကူဂျိ"လို့ခေါ်တဲ့ ဂျပန်ဗေဒင် ကံစမ်းမဲ အကြောင်း တင်ဆက်ပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။