သင်ခန်းစာ (၄၆) သေးပေမဲ့ လှတယ်နော်။
တမ်တစ်ယောက် ဗီယက်နမ်ကနေ ဂျပန်ကိုရောက်တာ တစ်နှစ်နီးပါး ရှိပါပြီ။ ဟာရူစံဟောက်စ်မှာနေတဲ့သူတွေ အားလုံး ကျိုတိုကို အလည် သွားခဲ့ကြပါတယ်။ "မာချီယာ" လို့ခေါ်တဲ့ အိမ်တစ်မျိုးကို အသုံးပြုထားတဲ့ တည်းခိုခန်းမှာ တည်းဖို့ သူတို့လုပ်နေကြပါတယ်။ မာချီယာဆိုတာ လမ်းကျဉ်းကျဉ်းလေးတွေထဲမှာ တန်းစီဆောက်ထားတဲ့ သစ်သားအိမ်လေးတွေ ဖြစ်ပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ ရောထွေး ပေါင်းစပ်နေတဲ့ ခံစားချက်ကို ဖော်ပြတဲ့ အသုံးအနှုန်းကို လေ့လာပါမယ်။ သင်ခန်းစာ (၂၆) မှာလည်း လေ့လာခဲ့ရပါတယ်။ အစီအစဉ်နောက်ပိုင်းမှာ ကျိုတိုမြို့ရဲ့ နှစ်သက်ဖွယ် အချက်တွေကို မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။