သင်ခန်းစာ (၄၅) ဂျပန်စာ စစ်ဆေးပေးနိုင်မလား
ဟာရုစံဟောက်စ်ရဲ့ ဧည့်ခန်းထဲမှာ တမ်က စက်ရုပ်အိမ်ရှင် ဟာ့ရုစံကို စကားပြောနေပါတယ်။ တမ့်မှာ အကူအညီတောင်းစရာ တစ်ခုခု ရှိနေပုံ ရပါတယ်။ ဒီသင်ခန်းစာမှာ ယဉ်ယဉ်ကျေးကျေး အကူအညီတောင်းတဲ့ အသုံးအနှုန်းကို လေ့လာရမှာပါ။ သင်ခန်းစာနောက်ပိုင်းမှာတော့ ဂျပန်မှာ ဈေးဝယ်ထွက်တဲ့ အကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။