သင်ခန်းစာ (၄၄) နောက်ထပ်ဖျော်ဖြေပွဲ ရှိတယ်လို့ ဆိုပါတယ်
တမ်ဟာ သူ နှစ်သက်သဘောကျတဲ့ ယူးကိ ရဲ့ စန္ဒရား ဖျော်ဖြေပွဲကို သွားပြီး ယူးကိနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်ကြားသိထားတဲ့ အကြောင်းအရာတွေကို တခြားသူတွေကို ပြန်ပြောပြတဲ့ အသုံးအနှုန်းကို လေ့လာရမှာပါ။ သင်ခန်းစာနောက်ပိုင်းမှာတော့ ဂျပန်က ပွဲတော်တွေအကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။