သင်ခန်းစာ (၄၃) ကျန်းမာတဲ့ ပုံပဲနော်
တမ် ဟာ သူအင်မတန်လေးစားသဘောကျတဲ့ စန္ဒရားဆရာ ယူးကိ ရဲ့ ဖျော်ဖြေပွဲ ကို မီးယာနဲ့အတူ သွားခဲ့ပါတယ်။ ဖျော်ဖြေပွဲပြီးတော့ သူတို့နှစ်ယောက်ဟာ ယူးကိ ရဲ့ ပြင်ဆင်တဲ့အခန်းရှိရာကို နှုတ်ဆက်ဖို့ သွားခဲ့ပါတယ်။ တမ် ဟာ ယူးကိ အတွက် ပန်းစည်းကို ယူလာခဲ့ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်မြင်တွေ့ခဲ့ရတဲ့ အရာနဲ့ပတ်သက်ပြီး စိတ်ထဲမှာဖြစ်ပေါ်တာတွေကို ဘယ်လိုပြောရသလဲဆိုတာ လေ့လာရမှာပါ။ သင်ခန်းစာနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံရှိ ပန်းတွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။