သင်ခန်းစာ (၄၂) ယူးကိ စံ ကို ပေးမလို့ပါ။
တမ် ဟာ သူအင်မတန်လေးစားသဘောကျတဲ့ စန္ဒရားဆရာ ယူးကိ ဟာ ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်မယ်ဆိုတာ သိခဲ့ရပါတယ်။ တမ် နဲ့ သူ့ရဲ့ သူငယ်ချင်း မီးယာတို့ဟာ ဖျော်ဖြေပွဲကျင်းပမယ့်နေ့မှာ ခန်းမဆောင်ထဲ ရောက်နေပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အရာ ဒါမှမဟုတ် အစီအစဉ်ကို ဘယ်လို ထုတ်ဖော်ပြောဆိုရမလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာတော့ ဂျပန်က ရဲတိုက်တွေအကြောင်းကို ပြောပြမှာဖြစ်ပါတယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။