သင်ခန်းစာ (၃၉) ပိုက်ဆံအိတ် ကျပျောက်သွားပါတယ်။
ဗီယက်နမ်က လာတဲ့ ကျောင်းသူ တမ်ဟာ ပျာယီးပျာယာနဲ့ ဟာရူစံဟောက်စ်ကို ပြန်လာခဲ့ပါတယ်။ ဘူတာကနေ ပြန်လာတဲ့ လမ်းမှာ ပိုက်ဆံအိတ် ကျပျောက်သွားလို့ ဖြစ်ပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ တစ်ခုခု အမှားအယွင်းဖြစ်ခဲ့တဲ့ အကြောင်းကို ဘယ်လို ပြောမလဲ လေ့လာရပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန်လို ခိုးဘန်း လို့ ခေါ်တဲ့ "ရဲကင်း" အကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။