သင်ခန်းစာ (၃၇) ရုပ်မြင်သံကြား မပွင့်လို့ပါ။
ဗီယက်နမ်ကလာတဲ့ ကျောင်းသူ တမ်နဲ့ သူငယ်ချင်း အာ့ယာ့ကာတို့ ဟာကိုနဲကို အလည်ရောက်နေကြပါတယ်။ ရေပူစမ်းပါတဲ့ တည်းခိုခန်းမှာ တည်းဖို့ စာရင်းသွင်းပြီးအခန်းထဲ ရောက်သွားကြပါပြီ။ ဒီကနေ့ သင်ခန်းစာမှာ တစ်ခုခု အဆင်မပြေတာကို ဘယ်လို ပြောမလဲဆိုတာ လေ့လာရပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန်စတိုင် တည်းခိုခန်း အကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန် စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။