သင်ခန်းစာ (၃၆) ရေချိုးခန်းက ဘယ်နှနာရီကနေ ဘယ်နှနာရီအထိပါလဲ။
ဗီယက်နမ်ကလာတဲ့ ကျောင်းသူ တမ်နဲ့ သူငယ်ချင်း အာ့ယာ့ကာတို့ ဟာကိုနဲကို ရောက်နေကြပါတယ်။ ဒီနေ့ သူတို့နှစ်ယောက် ရေပူစမ်းပါတဲ့ တည်းခိုခန်းမှာ တည်းကြပါမယ်။ ဒီကနေ့ သင်ခန်းစာမှာ အချိန်မေးမြန်းတဲ့နည်းကို လေ့လာရမှာပါ။ အစီအစဉ်နောက်ပိုင်းမှာ ရေပူစမ်းစိမ်တာနဲ့ပတ်သက်ပြီး မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။