သင်ခန်းစာ (၃၅) အိုးဝါ့ကူဒါနီကိုသွားပြီး၊ အမည်းရောင် ကြက်ဥ စားချင်ပါတယ်။
ဗီယက်နမ်ကလာတဲ့ ကျောင်းသူ တမ်နဲ့ သူငယ်ချင်း အာ့ယာ့ကာတို့ တိုကျိုနားက နာမည်ကျော် လည်ပတ်စရာ ဟာကိုနဲကို သွားနေကြပါတယ်။ ရထားပေါ်မှာ နှစ်ယောက်သား ဟာကိုနဲရောက်ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောနေကြပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ ကိုယ်လုပ်ခဲ့တဲ့ အရာတွေ၊ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အစီအစဉ်တကျအစဉ်လိုက် ဘယ်လို ပြောမလဲ လေ့လာပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဟာကိုနဲက လည်ပတ်စရာ နေရာတွေအကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။