သင်ခန်းစာ (၃၄) ဖတ်ဖူးပါတယ်။
ဗီယက်နမ်ကလာတဲ့ ကျောင်းသူတမ်ဟာ အမေရိကန်လူမျိုး မိုက်ခ်နဲ့ အတူ မန်းဂါ့ကဖေးဆိုင်ကို ရောက်လာခဲ့ပါတယ်။ မိုက်ခ်ဟာ ဂျပန့်ခေတ်ပေါ် ယဉ်ကျေးမှုတွေကို နှံ့စပ်သူ ဖြစ်ပါတယ်။ မန်းဂါ့ကဖေးဆိုတာ ရုပ်ပြကာတွန်းတွေ မဂ္ဂဇင်းတွေ အများကြီးရှိပြီး စိတ်ကြိုက်ဖတ်လို့ရတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ ကိုယ်လုပ်ဖူးတဲ့အကြောင်း၊ အတွေ့အကြုံရှိတဲ့ အကြောင်းကို ဘယ်လိုပြောမလဲ လေ့လာပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ မန်းဂါ့ကဖေးအကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။