သင်ခန်းစာ (၃၂) နင်ဂျာပြတိုက်ကို ဘယ်လို သွားရင် ကောင်းမလဲ။
နင်ဂျာ ကြိုက်နှစ်သက်သူ အမေရိကန်လူမျိုး မိုက်ခ်နဲ့ ကိုက်တိုတို့ အဝေးပြေးဘတ်စ်ကား စီးပြီး မီအဲခရိုင်က အူအဲနိုရှိ ဘူတာကို ရောက်လာခဲ့ကြပါတယ်။ သူတို့ နှစ်ဦး နင်ဂျာပြတိုက်ဆီ ဦးတည်လိုက်ကြပါတယ်။ ဒီကနေ့ သင်ခန်းစာမှာ ကိုယ်သွားချင်တဲ့နေရာကို ဘယ်လိုသွားရင် ကောင်းမလဲဆိုတာကို မေးတဲ့ အသုံးအနှုန်းကို လေ့လာပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန်က အဝေးပြေးဘတ်စ်ကားတွေအကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။