သင်ခန်းစာ (၃၁) အတူတူ သွားကြမလား။
ဟာရူစံဟောက်စ်မှာ တမ်၊ မီးယာနဲ့ ကိုက်တိုတို့ စကားပြောနေကြတုန်း ဂျပန့်ယဉ်ကျေးမှုတွေကို ကြိုက်နှစ်သက်တဲ့ အမေရိကန်လူမျိုး မိုက်ခ် တစ်ယောက် ရောက်လာခဲ့ပါတယ်။ မိုက်ခ်က ကိုက်တိုနဲ့အတူ နင်ဂျာပြတိုက်ကို သွားဖို့ စီစဉ်ထားပါတယ်။ မိုက်ခ်က အဲဒီအတွက် တိုင်ပင်ဆွေးနွေးဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ သင်ခန်းစာမှာ တစ်ခုခုကို အတူတူလုပ်ဖို့ တစ်ဖက်လူကို အဖော်စပ်တဲ့ ဖိတ်ခေါ်တဲ့ အသုံးအနှုန်းကို လေ့လာရပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ နင်ဂျာ အကြောင်းကို မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။