သင်ခန်းစာ (၃၀) အတူတူ သီချင်းဆိုတာ၊ ကတာတွေ လုပ်ခဲ့ကြပါတယ်။
တမ်ဟာ တရုတ်နိုင်ငံကလာတဲ့ ဓာတ်ပုံဆရာမ မီးယာနဲ့အတူ ကော်ဖီဆိုင်ထဲကို ဝင်လာပါတယ်။ တမ်ဟာ ဂျပန်လူမျိုး ဂီတအထူးပြုကျောင်းသား ယူးကိနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို မီးယာကို ပြောပြနေပါတယ်။ ဒီသင်ခန်းစာမှာ ဒီကနေ့ ကိုယ်ပြုလုပ်ခဲ့တဲ့အရာ၊ နောင် ပြုလုပ်မယ့်အရာ စတာတွေကို ပြောပြတဲ့ အသုံးအနှုန်းကို လေ့လာရပါမယ်။ အစီအစဉ်နောက်ပိုင်းမှာ အမြင်လှတဲ့ ဂျပန်မုန့်တွေအကြောင်း မိတ်ဆက်ပေးပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။