သင်ခန်းစာ (၂၉) စန္ဒရားဖျော်ဖြေပွဲ နားထောင်ဖို့ သွားခဲ့ပါတယ်
ဟာ့ရုစံ ဟောက်စ် မှာ တမ်၊ မီးယာ နဲ့ အိမ်ရှင်စက်ရုပ် ဟာ့ရုစံ တို့ဟာ စကား စမြည်ပြောနေကြပါတယ်။ မီးယာ ဟာ ကမာကူရာ့ က စန္ဒရားတီးခတ်ဖျော်ဖြေပွဲမှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေကို ပြနေပါတယ်။ အဲဒီဓာတ်ပုံတွေကို ကြည့်ရင်း တမ် ဟာ အံ့အားသင့်ခဲ့ရပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်လုပ်ခဲ့တာတွေကို ဘယ်လိုပြောရမလဲ ဆိုတာကို လေ့လာရမှာပါ။ အစီအစဉ်နောက်ပိုင်းမှာ ခရီးသွားတွေကြား လူကြိုက်များ ထင်ရှားတဲ့ နေရာတစ်နေရာဖြစ်တဲ့ ကမာကူရာ့ အကြောင်းကို ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။