သင်ခန်းစာ (၂၈) ဓာတ်ပုံရိုက်လို့ရပါသလား
တရုတ်လူမျိုး ဓာတ်ပုံဆရာမ မီးယာ ဟာ မှတ်တမ်းရယူဖို့အတွက် ကမာကူရာ့ မှာရှိတဲ့ ဘုရားကျောင်းတစ်ကျောင်းကို ရောက်နေပါတယ်။ အဲဒီမှာ အလှူအနေနဲ့ စန္ဒရားတီးခတ်ဖျော်ဖြေပွဲပြုလုပ်နေပါတယ်။ ဒီသင်ခန်းစာမှာ ခွင့်ပြုချက်ကို ဘယ်လို တောင်းခံရသလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာ ဂျပန် တေးဂီတအကြောင်းကို ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ်လုပ်လို့ ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကို ဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။