သင်ခန်းစာ (၂၇) ဘယ်ဟာက အရသာ အရှိဆုံးလဲ
ဗီယက်နမ်ကျောင်းသူ တမ် ကို ကိုက်တိုက တိုကျိုမှာနာမည်ကြီးတဲ့ ရမဲန် ခေါက်ဆွဲ ပြုတ်ဆိုင်သို့ ခေါ်သွားပါတယ်။ အဲဒီမှာ တမ် ဟာ သူလေးစားရတဲ့ ဂီတသင်တန်းကျောင်းသားဖြစ်ပြီး ဗီယက်နမ်မှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့တဲ့ ယူးကိ ကို သတိရ လာခဲ့ပါတယ်။ ဒီသင်ခန်းစာမှာ ဘယ်အရာကို ရွေးမလဲ၊ ဘယ်လိုမေးရ သလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာ အခုအခါ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များတဲ့ ရမဲန် ဂျပန်ခေါက်ဆွဲအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကား လေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုပ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေကိုဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းပုံအောက်က လင့်ခ်နေရာကို နှိပ်ပြီး နားဆင်နိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။