သင်ခန်းစာ (၂၀) ဝါ့စာဘီ မထည့်ပါနဲ့
ဗီယက်နမ်ကျောင်းသူလေး တမ် ဟာ တရုတ်လူမျိုး ဓာတ်ပုံဆရာမ မီးယာနဲ့ အတူ ဟော့ကိုင်းဒိုးကို ရောက်နေပါတယ်။ သူတို့ဟာ လတ်ဆတ်တဲ့ ပင်လယ်အစားအစာတွေ စားဖို့ စပ်ပိုးရိုးမြို့ထဲက ငါးစျေးအနီးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းကို ဝင်သွားခဲ့ပါတယ်။ ကိုယ်စားမယ့်စားစရာ ဒါမှမဟုတ် သောက်စရာထဲကို တစ်ခုခု မထည့်ဖို့ ဘယ်လိုပြောရမလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းကျရင် ဟော့ကိုင်းဒိုးက ပင်လယ်အစားအစာတွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖို့အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။