သင်ခန်းစာ (၁၄) ဂျပန်ကို သွားကြည့်ချင်ပါတယ်
ဒီနေ့အတွက် စကားပြောခန်းကတော့ ဗီယက်နမ်ကျောင်းသူ တမ် က သူ့ရဲ့ ဇာတိနိုင်ငံမှာ နေခဲ့တုန်းက ပြန်ပြောင်းသတိရစရာတွေဖြစ်ပါတယ်။ ဂျပန်ကို တမ် မရောက်လာခင်တုန်းက သူဟာ ဗီယက်နမ်က မူလတန်းကျောင်းတစ်ကျောင်းမှာ စေတနာ့၀န်ထမ်း လုပ်ခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဂျပန်က ဂီတကျောင်းသားတစ်ဦးဖြစ်တဲ့ ယူးကိ Yuuki ဟာ ကလေးတွေအတွက် စန္ဒရားတီးဖို့ ရောက်လာခဲ့ပါတယ်။ ယူးကိ တီးခတ်တင်ဆက်တာကို တမ် က သဘောကျသွားပြီး သူ့ကို ဂျပန်လိုစကားပြောဖို့ အထိ သတ္တိတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ဘယ်လိုပြောရသလဲဆိုတာ လေ့လာရပါမယ်။ အစီအဥ်နောက်ပိုင်းမှာ ဆူမို နပန်းသမားတွေအကြောင်း ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။