သင်ခန်းစာ (၁၃) နှင်း ကြည့်ချင်ပါတယ်
ဗီယက်နမ်ကျောင်းသူ တမ် ဟာ သူ့ရဲ့အိမ်ပိုင်ရှင် စက်ရုပ် Haru-san ၊ တရုတ်နိုင်ငံက ဓာတ်ပုံဆရာမ မီးယာ တို့နဲ့အတူ Haru-san House ရဲ့ ဧည့်ခန်းထဲ စကားပြောနေ ကြပါတယ်။ ဒီသင်ခန်းစာမှာ ကိုယ်လုပ်ချင်တာကို ဘယ်လိုပြောရသလဲဆိုတာ လေ့လာရပါမယ်။ အစီအစဥ်နောက်ပိုင်းမှာ ဂျပန်ရဲ့ အိမ်တွေအကြောင်းကို ပြောပြပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် ဂျပန်စကားပြောလေ့ကျင့်ဖိုအပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာစာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကားလေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံ အောက်က လင့်ခ်နေရာကိုနှိပ်ပြီး နားဆင်ကြည့်ရှုနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။