သင်ခန်းစာ (၆) ဒီရထား အီခဲဘုခုရို ကို သွားမှာပါလား
ဗီယက်နမ်ကျောင်းသူ တမ် အတွက် ဒီနေ့ဟာ တိုကျိုက တက္ကသိုလ်ကို ရထားနဲ့ သွားရတဲ့ ပထမဦးဆုံးနေ့ဖြစ်ပါတယ်။ သူဟာ ဘူတာရုံကို ရောက်နေပါပြီ။ ရထားဟာ သူသွားချင်တဲ့နေရာကို ရောက်သလားဆိုတာ သေသေချာချာမသိပါဘူး။ ဒါကြောင့် သူဟာ ဘူတာ၀န်ထမ်းကို မေးကြည့်ပါတယ်။ ဒီသင်ခန်းစာမှာ ဘတ်စကား၊ ရထား စတဲ့ အများပြည်သူသုံးယာဥ်တွေဘယ်ကို သွားသလဲဆိုတဲ့ အမေးကို လေ့လာနိုင်ပါတယ်။ အစီအစဥ်နောက်ပိုင်းမှာ ဂျပန်က ရထားလမ်းစနစ်အကြောင်း ပြောဆိုတာကို နားဆင်နိုင်ပါတယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့ အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကား လေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအကွက် ဆက်သွယ်ရန်နေရာကို နှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။