သင်ခန်းစာ (၅) ရေဒီယိုကနေ သင်ယူခဲ့ပါတယ်
Haru-san House မှာ နေထိုင်တဲ့ ကျောင်းသူ တမ် အတွက် ဒီနေ့ဟာ ကျောင်းတက်ရတဲ့ ပထမဦးဆုံးသောနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ရှင် စက်ရုပ် Haru-san က တမ် ဟာ စိုးရိမ်စိတ်ဖြစ်နေတယ်ဆိုတာ သတိပြုမိပါတယ်။ ဒီသင်ခန်းစာမှာ ဂျပန်ဘာသာစကားကို ဘယ်လိုလေ့လာသလဲဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို သင်ယူရပါလိမ့်မယ်။ အစီအစဥ်နောက်ပိုင်းမှာ ယဥ်ယဥ်ကျေးကျေးပြောဆိုပုံတွေကိုလည်း ပြောဆို ဆွေးနွေးသွားပါမယ်။

အင်တာနက်စာမျက်နှာမှာလည်း ဂျပန်စကားလေ့လာဖို့အတွက် စကားပြောလေ့ကျင့်ဖို့ အပြင် စာအနေနဲ့ဖတ်ဖို့ သင်ခန်းစာ စာအုပ်ကို ဒေါင်းလုဒ် လုပ်လို့ရပါတယ်။ ကာတွန်းရုပ်ရှင်ပုံစံနဲ့ လေ့ကျင့်လို့ရသလို ပဟေဠိမေးခွန်းတွေဖြေရင်း ဂျပန်စကား လေ့ကျင့်နိုင်ပါတယ်။ ကာတွန်းရုပ်ပုံအကွက် ဆက်သွယ်ရန်နေရာကို နှိပ်ပြီး ကူးယူနိုင်ပါတယ်။
"လွယ်ကူသော ဂျပန်စကား" အင်တာနက် စာမျက်နှာကို သွားချင်ရင် ဒီနေရာကို နှိပ်ပါ။