ငလျင်လှုပ်ခတ်မှုကနေ အသက်ဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများ
ငလျင်လှုပ်ခတ်မှုတွေများပြားလှတဲ့ ဂျပန်မှာ ကြီးမားပြင်းထန်တဲ့ငလျင်တစ်ခု လှုပ်ခတ်တော့မယ်လို့ ခန့်မှန်းရတဲ့အခါ ရုပ်မြင်သံကြား ဒါမှမဟုတ် လက်ကိုင်ဖုန်းတွေဆီကို ငလျင်သတိပေးချက် ပေးပို့တဲ့စနစ်ရှိပါတယ်။ အဲဒီလို သတိပေးချက်ရတဲ့အခါ ဘာလုပ်သင့်ပါသလဲ။
အခြေအနေအမျိုးမျိုးမှာ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အစီအစဉ် တင်ဆက်သူ Janni Olsson နဲ့အတူ သင်ယူလေ့လာကြရအောင်။
ဂျပန်မှာလှုပ်ခဲ့တဲ့ အရင်က ငလျင်တွေရဲ့ပြင်းအားအတိုင်း ဖန်တီးပေးတဲ့ "ငလျင်ပုံစံတူ သရုပ်ဖော်ယာဉ်" ရဲ့ ရှေ့က အစီအစဉ်တင်ဆက်သူ Janni
Janni က သုည ကနေ ၇ အထိရှိတဲ့ ဂျပန်ငလျင်တိုင်းတာတဲ့စနစ်က အမြင့်ဆုံးအဆင့် ၇ ရှိတယ်လို့ မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က Kumamoto မှာ လှုပ်ခဲ့တဲ့ငလျင်အတိုင်း ပုံစံတူအတွေ့အကြုံ ရယူခဲ့ပါတယ်။
ငလျင်လှုပ်တဲ့အခါ မိမိရောက်နေတဲ့နေရာပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့်အချက်တွေကလည်း ကွာခြားတယ်လို့ ရှင်းပြနေတဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Sawa Yoshihiro ။
ဥပမာ- လူနေဧရိယာတစ်ခုမှာ လမ်းလျှောက်တုန်း ငလျင်လှုပ်ခဲ့ရင် လမ်းမရဲ့အလယ်မှာ ဝပ်နေရပါမယ်။ ကွန်ကရစ်အုတ်နံရံတွေကို အကာအကွယ်ယူတာက ပြိုကျနိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်။