သဘာဝဘေးအန္တရာယ်တွေကို ဖြစ်စေတဲ့ Cumulonimbus တိမ်တိုက်များ
ဂျပန်နိုင်ငံမှာ တောင်နဲ့တူတဲ့ မြင့်မြင့်မားမား Cumulonimbus တိမ်တိုက်တွေကို နွေရာသီမှာ တွေ့ရလေ့ရှိပါတယ် ။ အဲဒီ တိမ်တိုက်တွေဟာ သဘာဝဘေးအန္တရာယ်တွေကို ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေရဲ့ ရှေ့ပြေးနမိတ် လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ် အစီအစဉ်မှာ Cumulonimbus တိမ်တွေနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်ရှိတဲ့ ရာသီဥတုဖြစ်စဉ်တွေ၊ အဲဒီတိမ်တွေ ချဉ်းကပ်လာတော့မှာကို ဘယ်လို ခန့်မှန်းမလဲ၊ အဲဒီတိမ်တွေကြောင့် ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို နားဆင်ကြရပါမယ်။
Cumulonimbus တိမ်တိုက်တွေဟာ ဒေသအလိုက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကို ဖြစ်စေပါတယ်။
အစီအစဉ်တင်ဆက်သူ Bobby Judo (ညာ)က မိုးလေဝသ ပညာရှင် Sasaki Kyoko (ဘယ်)ကို မေးမြန်းနေပုံ
Cumulonimbus တိမ်တွေနဲ့ ဆက်စပ်ပြီးဖြစ်ပေါ်တဲ့ အန္တရာယ်ရှိ ရာသီဥတုအခြေအနေ (၄) မျိုး− အချိန်တိုတိုနဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးမုန်တိုင်းကျရောက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း။