အပူဒဏ်လွန်ကဲခြင်းကြောင့် အပူလျှပ်ခြင်းကို ကာကွယ်ဖို့ နည်းလမ်းများ
ဂျပန်မှာ နွေရာသီအပူရှိန်က တစ်နှစ်ထက်တစ်နှစ် ပိုပြင်းလာနေပြီး အပူဒဏ်လွန်ကဲတာကြောင့် အပူလျှပ်မှာက အဓိကစိုးရိမ်စရာ ဖြစ်နေပါတယ်။
အပူလျှပ်ဝေဒနာခံစားရပြီဆိုရင် မူးဝေလာတာ၊ ခြေလက်တွေ ထုံကျင်လာတာနဲ့ အော့အန်တာတွေကို ခံစားရပြီး အသက်သေဆုံးနိုင်တဲ့ အထိ‌တောင် အန္တရာယ်ရှိပါတယ်။ အခုတစ်ခေါက် BOSAI အစီအစဉ်ကနေ ရာသီဥတု အပူဒဏ်လွန်ကဲတာကြောင့် အပူလျှပ်ဝေဒနာ ခံစားလာရရင် ဘယ်လို ပြုစုကုသရမလဲ၊ အဲဒီလို မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ ဆိုတာတွေကို နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
အစီအစဉ်တင်ဆက်သူ Bobby Judo က “ Showcase for Addressing Extreme Heat” ပြခန်းကို သွားရောက်ပြီး အပူဒဏ်လွန်ကဲခြင်းကြောင့် အပူလျှပ်ခြင်းကို ကာကွယ်နိုင်မယ့် ပစ္စည်းအမျိုးမျိုးကို စမ်းသပ်ကြည့်ခဲ့ပါတယ်။
လေမှုတ်အအေးပေးတဲ့ ပန်ကာတွေကို ခါးနေရာနားမှာ တပ်ဆင်ထားတဲ့ ဂျာကင် ကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြပါတယ်။
အပူလွန်ကဲမှု အန္တရာယ်ပြတဲ့ အညွှန်းကိန်း WBGT ကို တိုင်းတာပေးတဲ့စက်ပစ္စည်း ဖြစ်ပါတယ်။ WBGT အညွှန်းကိန်း ၂၈ ကျော်ရင် အပူလွန်ကဲမှုကြောင့် အပူလျှပ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားပါတယ်။
Teikyo တက္ကသိုလ် ဆေးရုံ၊ အရေးပေါ်ဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ Miyake Yasufumi ကို Bobby Judo က အပူလွန်ကဲမှုကြောင့် အပူလျှပ်ခြင်းကနေ မိမိကိုယ်ကို ဘယ်လိုကာကွယ်သင့်သလဲ လို့ မေးမြန်းခဲ့ပါတယ်။