အရေးပေါ်သုံး ကျောပိုးအိတ်မှာ ဘာတွေပြင်ဆင်ရမလဲ
ဒီအစီအစဉ်က သဘာဝဘေးအန္တရာယ်တွေအတွက် ဆောင်ထားရမယ့် အရေးပေါ်သုံး ကျောပိုးအိတ် ပြင်ဆင်တဲ့အခါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့အခါ အလွယ်တကူ သယ်သွားလို့ ရအောင်လုပ်ထားရမယ့် အဲဒီအိတ်ထဲမှာ ထည့်ရမယ့်ပစ္စည်းတွေ၊ ထည့်သင့်တဲ့ပမာဏနဲ့ ဘယ်နေရာမှာ ထားရမယ်ဆိုတာကို ကျွမ်းကျင်သူတစ်ဦးက အကြံပေးထားပါတယ်။
မိသားစုဝင် ၃ ဦးအတွက် အရေးပေါ် ကျောပိုးအိတ် ပြင်ဆင်ထားတာပါ။ ထွက်ပြေးတိမ်းရှောင်ရင် မိသားစု တကွဲတပြား ဖြစ်သွားတာမျိုး ကြုံနိုင်တဲ့အတွက် မိသားစုဝင်တစ်ဦးကို ကျောပိုးအိတ်တစ်လုံး ပြင်ဆင်ထားသင့်ပါတယ်။ ဦးခေါင်းကို ကာကွယ်ပေးနိုင်မယ့် အမာစားဦးထုပ် helment တွေဆောင်ထားဖို့လည်း လိုအပ်ပါတယ်။
အရေးပေါ် ကျောပိုးအိတ်ထဲမှာထည့်ရမယ့် ပစ္စည်းတွေကို အုပ်စုသုံးစု ခွဲခြားနိုင်ပါတယ်။ ပထမအုပ်စုက အစားအသောက်နဲ့ဆေးဝါးတွေလို အသက်ရှင်သန်ဖို့ အရေးကြီးတဲ့ ပစ္စည်းတွေ၊ ဒုတိယအုပ်စုကတော့ ဓာတ်မီးတွေနဲ့ အရေးပေါ် ယာယီအိမ်သာအဖြစ် သုံးလို့ရမယ့်ပစ္စည်းတွေလိုမျိုး နေ့စဉ်သုံးပစ္စည်းတွေနဲ့ တတိယအုပ်စုကတော့ နေထိုင်ခွင့် မှတ်ပုံတင်ကတ်ပြားရဲ့ မိတ္ထူ ဒါမှမဟုတ် ဆက်သွယ်ရန်လိပ်စာတွေလိုမျိုး တစ်ခါပျောက်သွားရင် ပြန်ရယူဖို့ခက်ခဲတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာ နည်းပြပေးသူ မီးစ် Mizoguchi Nobuko ဟာ အရေးပေါ်သုံးပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူက အရေးပေါ်သုံး ကျောပိုးအိတ် ပြင်ဆင်ရာမှာ အရေးကြီးတဲ့ အချက်တွေကို ညွှန်ကြားပြသပေးပါတယ်။