ဒီ လေ့လာသင်ယူရေး စင်တာထဲမှာ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဖြစ်ပျက်နေတဲ့အတိုင်း တကယ့် အရွယ်အစား မြင်ကွင်း တိုက်တာအိမ်ယာတွေ ပြိုကျနေပုံ၊ အသံတွေ၊ အလင်းရောင်တွေနဲ့အတူ မီးလောင်ကျွမ်းနေပုံတွေနဲ့ လှိုင်း တွေကို ဖန်တီးထားပါတယ်။ လေ့လာသူတွေဟာ ဘေးအန္တရာယ်ကျရောက်နေစဉ်အတွင်း ဘေးလွတ်ရာကို ဘယ်လို တိမ်းရှောင်ရမယ်ဆိုတာကို ကိုယ်တိုင် လက်တွေ့ ခံစားကြည့်ပြီး အတွေ့အကြုံယူ ရင်း သင်ကြားလေ့လာနိုင်ပါတယ်။